Wednesday, August 2, 2017

ဥပုန်းလေး ချက်စားကြရအောင့့်




ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါနော့့် 
မေတ္တာရပ်ဝန်းမီးဖိုဆောင်လေးထဲ မရောက်ဖြစ်တာ အတော်ကြာသွားခဲ့ပါပြီ့ 
ဖုန်တက်နေတဲ့ မီးဖိုဆောင်လေးကို သန့်ရှင်းရေးလေးလုပ့့်  အခု ဟင်းပွဲလေးတွေနဲ့ ပြန်လာပါပြီရှင့့် 
ဒီနေ့တော့ ချစ်တဲ့မောင်နှမတွေကို ဥပုန်းလို့ခေါ်တဲ့ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ကြိုက်ရာသုံးပြီး ပုန်းရည်ကြီးနဲ့ချက်တဲ့ ဟင်းလေး ချက်ကျွေးပါရစေနော့့် 
ဒီဟင်းပွဲလေးက မနက်ဖြန်မနက်အာရုဏ်ဆွမ်းလောင်းလှူဖို့အတွက် ချက်ဖြစ်တဲ့ဟင်းလျာထဲက တစ်မျိုးပါရှင့့်  ဟင်းပွဲလေးက ရိုးရှင်းလှတယ်ဆိုပေမယ့် အိမ်မှာရှိတဲ့ လူကြီးလူငယ်ကလေးမရွေး ကြိုက်နှစ်သက်ပြီး ထမင်းမြိန်စေမယ်ဆိုတာ အာမခံပါတယ်ရှင့့် 
အခု နလုချက်ထားတာက ဘဲဥ ၁၅ လုံး၊ ပုန်းရည်ကြီး ၅ ထုပ်၊ ပုစွန်ခြောက် လက်တစ်ဆုပ်၊  ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ နနွင်းမှုန့်အနည်းငယ်၊ ငံပြာရည်၊ မန်ကျည်းမှည့်၊ ဟင်းခတ်မှုန့်၊ ဆီတို့ပါနော်။
ဘဲဥ ၁၅ လုံးကို ပြုတ်ပြီးအခွံနွှာထားပါ။ ပြီးရင် ဘေးပတ်လည်ကို ဓားနဲ့ မွှန်းပေးပါ။ ပုန်းရည်ကြီး အနှစ်ထုပ် ၅ ထုပ်ကို ရေလက်ဖက်ရည်ပန်းကန်လုံး ၃ လုံးနဲ့ ရောပြီးဖျော်ထားပေးပါ။ (ပုန်းရည်ကြီးအမှုန့်ထုပ်လည်း သုံးလို့ရပါတယ်)။ ပုစွန်ခြောက် လက်တစ်ဆုပ်လောက်ကို ရေစိမ်ပေးထားပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ကို ပါးပါးလှီးထားပေးပါ။ မန်ကျည်းမှည့်ကို ရေနွေးစိမ်ပြီး အနှစ်ယူထားပေးပါ။
အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ်ဒယ်အိုးတင်၊ ပူလာရင် ဆီထည့်၊ ဆီပူလာရင် ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူနီထည့်၊ နနွင်းမှုန့်လေး အနည်းငယ်ထည့်၊ ဆီသတ်နံ့မွှေးလာရင် ပုစွန်ခြောက်ထည့်၊ ပုစွန်ခြောက်နဲ့ ငံပြာရည်ဆီသတ်နံ့ထပ်မွှေးလာရင် ဘဲဥလေးတွေထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးတက်လာပါလာတဲ့အထိ မွှေပေးပါ။ ပြီးရင် ပုန်းရည်ကြီးတွေထည့်မွှေပေးပါ။ အရသာအတွက် ဆား၊ ဟင်းခတ်မှုန့်ထည့်ပါ။ မန်ကျည်းနှစ်ထည့်ပါ။ ပြီးရင်အားလုံးဆီပြန်သည်အထိ မီးနွေးနွေးနဲ့ တည်ပေးပါ။ ဆီပြန်လာပြီဆိုရင် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ဥပုန်းချက်လေး ရပါပြီနော့့်  အစပ်အရသာကြိုက်တဲ့သူတွေ အတွက် အပေါ်ကနေ ငရုတ်သီးစိမ်းပါးပါးလေးလှီးပြီးထည့့်  နံနံပင်လေးအုပ်ပြီး စိတ်ကြိုက်သုံးဆောင်ပါနော့့်
ထမင်းနဲ့နယ်ပြီး ပုန်ရည်ကြီးထမင်းနယ်လိုလည်း သုပ်စားလို့ရပါတယ်နော့့်
အားလုံးပဲ တစ်နေ့တာကို ကောင်းမွန်ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ကြပါစေရှင့့် 

1 comment:

  1. ဂွတ်ရှယ်ပဲ ချစ်လုရေ တနေ့လိုက်ချက်စားအုံးမယ် ကျေးဇူးလို့

    ReplyDelete